International News

ရုရှားနိုင်ငံမှ တင်ပို့သော ကောက်ပဲသီးနှံများအပေါ် ပို့ကုန်ခွန်တိုးမြှင့်ရန် အတည်ပြုခဲ့

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှစတင်၍ ကောက်ပဲသီးနှံတင်ပို့မှုအတွက် အကောက်ခွန်နှုန်းထားအသစ်များကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ အမိန့်အမှတ် ၈၁၆ အား မေလ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ထုတ်ပြန်ကြေညာချက်အရ ဂျုံတင်ပို့မှုအပေါ် အကောက်ခွန်အား ၁၇၀၀၀ ရူဘယ်အထိလည်းကောင်း၊ မုယောစပါးနှင့်ပြောင်းတင်ပို့မှုအပေါ် အကောက်ခွန်အား ၁၅၈၇၅ ရူဘယ်အထိလည်းကောင်း အသီးသီးတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂျုံတင်ပို့မှုအတွက် ၁၅၀၀၀ ရူဘယ်နှင့် မုယောစပါးနှင့်ပြောင်းအတွက် ၁၃၈၇၅ ရူဘယ်သတ်မှတ်ထားကြောင်း၊ အဆိုပါအမိန့်သည် ဇွန်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီး Mr. Dmitry Patrushev မှ ဂျုံအပေါ် ပို့ကုန်ခွန်တွက်ချက်မှုအတွက် အခြေခံစျေးနှုန်းမှာ တစ်တန်လျှင် ၁၅၀၀၀ ရူဘယ်သတ်မှတ်ထားရာမှ ဇွန်လ ၁ ရက်တွင် ၁၇၀၀၀ ရူဘယ်သို့ ပြောင်းလဲမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးသူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်လိုအပ်ကြောင်း “All-Russian Grain” ဖိုရမ်တွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

Source :

http://publication.pravo.gov.ru/document/0001202305270008

https://ria.ru/20230527/poshliny-1874591341.html

https://lenta.ru/news/2023/05/27/zerno/

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

Category: International News